Home

About Myanmar

About Us

Latest News

Destination

Tourist Information

SERVICES

PUBLICATION

Videos

ASEAN TOURISM

Latest News
ubein

16.1.17 Golden1

နေပြည်တော်၊ ဇန်န၀ါရီလ(၁၆)ရက်

    မြန်မာနိုင်ငံအနေဖြင့်နှစ်သက်ဖွယ် ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ထိန်းသိမ်းစောင့်ရှောက် ထားရှိခြင်း၊ယဉ်ကျေးပျူငှာပြီး ဧည့်ဝတ်ကျေပွန်ခြင်း ၊တိုင်းရင်းသားပေါင်းစုံတို့၏စိတ်ဝင်စားဖွယ်ရာယဉ်ကျေးမှု၊ ၀တ်စားဆင်ယင်မှုဓလေ့စရိုက်များ ရှိခြင်း၊သဘာဝအတိုင်းတည်ရှိသောတောတောင်ရေမြေ ပင်လယ်ကမ်းခြေအလှအပများပိုင်ဆိုင်ထားရှိခြင်းကြောင့် သွားရောက်လည်ပတ်ရန်အကောင်းဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ထင်ရှားလျှက်ရှိသဖြင့် နိုင်ငံတ ကာမှ ခရီးသွားဧည့်သည်များ စိတ်ဝင်တစားလာရောက်လည်ပတ်လျှက်ရှိပါသည်။

16.1.17 Golden2
    ထိုကဲ့သို့ လာရောက်လည်ပတ်ရာတွင်လည်း အပြည်ပြည်ဆိုင်ရာ လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်းခရီးစဉ်များသာမက နယ်စပ်ဝင် ထွက်ပေါက်များမှလည်း ကိုယ်ပိုင်မော်တော်ယာဉ်၊ ဆိုင်ကယ်၊ စက်ဘီးများစီးနင်း၍ နယ်စပ်ဖြတ်ကျော်ခရီးစဉ်များဖြင့် လာရောက်လည်ပတ်ကြပါသည်။ ထို့အတူ မြန်မာ့ အလှရှုခင်းများကို ဝေဟင်အမြင့်မှ ကြည့်ရှုခံစားလိုသူများအနေဖြင့်လည်း အုပ်စုလိုက်ဖွဲ့၍ မြန်မာနိုင်ငံခရီးစဉ် ဒေသ များသို့ အပျော်စီးမီး ပုံးပျံများစီးနင်းကာ လေ့လာကြည့်ရှုလည်ပတ်ကြပါသည်။
    ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အတွက်ခရီးသွားကုမ္ပဏီများ၏ စီစဉ်ဆောင် ရွက်မှုဖြင့် မီးပုံးပျံ ပျံသန်းပွဲများကို ကြီးကြပ် ဆောင်ရွက် ပေးလျှက်ရှိရာ Golden Express Tours Co.,Ltd ၏စီစဉ်မှုဖြင့် ဆွစ်ဇာ လန် နိုင်ငံသား(၂၇)ဦးအဖွဲ့သည် မီးပုံးပျံ(၄)လုံးဖြင့် (၁၉)ကြိမ်မြောက် နိုင်ငံတကာမီးပုံးပျံ ပျံသန်းပွဲကို ဒီဇင် ဘာလ(၂၉)ရက်နေ့မှ ဇန်န၀ါရီလ(၁၂) ရက်နေ့အထိ မန္တလေး၊ စစ်ကိုင်း၊ ပုဂံ၊ ပုပ္ပါး၊ ပခုက္ကူ၊ ညောင်ရွှေ၊ ရွှေညောင်၊ အင်းလေး၊တောင်ကြီးနှင့်သံတွဲမြို့များတွင် စုပေါင်းပျံသန်း၍ အဆိုပါဒေသများ ရှိ သာယာလှပသောရှုခင်း များကို ကြည့်ရှုလေလာခဲ့ပါသည်။

16.1.17 Golden3
    အဆိုပါဆွစ်ဇာလန်နိုင်ငံသားအဖွဲ့သည် အပျော်စီးမီးပုံးပျံ(၄)လုံးဖြင့် မြန်မာနိုင်ငံ၏ ထင်ရှားသော နေရာဒေသများကို ပျံသန်းကြည့်ရှုလေ့လာပြီး အဆင်ပြေချောမွေ့၍ စိတ်ကျေနပ်မှုများရရှိသဖြင့် ထပ်မံ လာရောက်ရန် စိတ်ဝင်စားလျှက်ရှိပါသည်။ ယခုကဲ့သို့ မီးပုံးပျံ စုပေါင်းပျံသန်းပွဲတော် အား မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှ စတင်ကျင်းပခဲ့ရာ ယခုအကြိမ်အပါအ၀င် (၁၉)ကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် နောင် လာမည့်နှစ်များတွင်လည်း ကျင်းပပြုလုပ်သွားရန်ရှိကြောင်း သတင်းရရှိပါသည်။

နေပြည်တော်၊ ဇန်န၀ါရီလ (၁၁)ရက်

Tourism MoU Signing Ceremony News Photo 1 1

မြန်မာ-ထိုင်းခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နေလည်ပိုင်းတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးသန့်စင်မောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးဦးအုန်းမောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ပုဂ္ဂလိကဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများမှ ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံ၊ ခရီးသွားလာရေးနှင့်အားကစားဝန်ကြီးဌာန၀န်ကြီး H.E. Mrs. Kobkarn Wattanavrangkul၊ မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr. PisanuSuvanajata နှင့် ထိုင်းနိုင်ငံအစိုးရနှင့် ပုဂ္ဂလိကမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများ အပါအ၀င် စုစုပေါင်း ( ၇၀)ဦး တက်ရောက်ခဲ့ကြပါသည်။

Tourism MoU Signing Ceremony News Photo 1 2

ရှေးဦးစွာ မြန်မာ-ထိုင်း အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ခရီးသွားလုပ်ငန်းလုပ်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ အခမ်း အနားကို ကျင်းပခဲ့ရာ တက်ရောက်လာကြသော အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များက နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းလုပ်ဆိုင်ရာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။ ၄င်းနောက် မြန်မာ-ထိုင်း ခရီးသွားလုပ်ငန်းပူပေါင်းဆောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ဆက်လက်ကျင်းပရာ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က မြန်မာနှင့်ထိုင်းနိုင်ငံ တို့သည် ရှေးပဝေသဏီကပင် ရင်းနှီးချစ်ကြည်ပြီး အပြန်အလှန်နားလည်မှုရှိသော အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အပြင် ASEAN၊ ACMECS၊ GMS၊ BIMSTEC စသည့် ဒေသတွင်း အဖွဲ့အစည်းများ၏ အဖွဲ့ဝင်နိုင်ငံများလည်းဖြစ်ပါ ကြောင်း၊ ပထမအကြိမ် မြန်မာ-ထိုင်းနှစ်နိုင်ငံ ခရီးသွားလုပ်ငန်းပူပေါင်းဆောင်မှုဆိုင်ရာသဘောတူညီချက်ကို ၁၉၉၈ခုနှစ် ဇူလိုင်လ ၂၄ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အဆိုပါ သဘောတူညီချက်ကြောင့် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ရှာဖွေမြှင့်တင်ရေး၊ အုပ်စုလိုက် မော်တော်ယာဉ်၊စက်ဘီး၊ဆိုင်ကယ်၊ရွက်တပ်စက်လှေများဖြင့် ခရီးသွားလာခြင်းများ၊ ဘေးအန္တရာယ်တုန့်ပြန်ရေး ဆိုင်ရာ ဆက်သွယ်မှုများ၊ ခရီးသည်များနိုင်ငံဖြတ်ကျော်ဝင်ရောက်မှု လွယ်ကူစေရေး ဆိုင်ရာလုပ်ထုံးလုပ်နည်းများ နှင့် ဒေသတွင်းအဖွဲ့အစည်းများ၏ မူဘောင်များအတွင်း နှစ်နိုင်ငံအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကြောင့် တိုးတက်မှုများစွာရရှိခဲ့ကြပါကြောင်း၊ ယခုအချိန်သည် နှစ်နိုင်ငံခရီးသွားလုပ်ငန်းအတွက် အကျိုးဖြစ်ထွန်းမှုများ တိုးတက်ရရှိစေသည့် လုပ်ငန်းများအား ပိုမိုပူပေါင်းဆောင်ရွက်နိုင်ရန် သဘောတူညီချက် အသစ်ပြန်လည်ပြင်ဆင် ရေးထိုးမည့်အချိန်ဖြစ်ပါကြောင်းနှင့် နားလည်မှုစာချွန်လွှာပါ အချက်အလက်များအတိုင်းဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် အမှာစကားပြောကြားပါသည်။ ဆက်လက်၍ ထိုင်းနိုင်ငံ၊ ခရီးသွားလာရေးနှင့်အားကစားဝန်ကြီးဌာန၀န်ကြီး H.E. Mrs. Kobkarn Wattanavrangkul က အမှာစကားပြော ကြားပါသည်။

Tourism MoU Signing Ceremony News Photo 1 3

 

ထို့နောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းပူပေါင်းဆောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်နှင့် ထိုင်းနိုင်ငံမှ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန ၀န်ကြီး H.E. Mrs. Kobkarn Wattanavrangkul တို့က လက်မှတ်ရေးထိုးခဲ့ကြပါသည်။

Tourism MoU Signing Ceremony News Photo 1 4

အဆိုပါ မြန်မာ-ထိုင်းနှစ်နိုင်ငံ ခရီးသွားကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံ အပြန်အလှန် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အကျိုးကျေးဇူးများရရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်၍ လက်မှတ်ရေးထိုးခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် နားလည် မှုကို ပိုမိုခိုင်မြဲစေခြင်း၊ စာချုပ်ဝင်များအကြား ခရီးသွားကဏ္ဍတွင် လေးနက်၍ ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက် မှုကို ဖြစ်ပေါ်စေ၍ နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားကို မြှင့်တင်နိုင်ခြင်း၊ နှစ်နိုင်ငံပြည်သူများအကြား သိရှိနားလည်မှု မြှင့်တင်ရေးတွင် ခရီးသွားလုပ်ငန်းသည်နှစ်နိုင်ငံလုံးအတွက် မရှိမဖြစ်အရေးပါသောကဏ္ဍအနေဖြင့် ရပ်တည် နေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါသည်။

Tourism MoU Signing Ceremony News Photo 1 5

၎င်းစာချွန်လွှာတွင် ကောင်းမွန်သော ခရီးသွားလုပ်ငန်းအုပ်ချုပ်မှု၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာ တရားဝင် မူဘောင်များ၊ မဟာဗျူဟာကျသော စီမံကိန်း ချမှတ်ခြင်း (Strategic Planning) အပါအ၀င် မူဝါဒဆိုင်ရာ သတင်း အချက်အလက်များ ဖလှယ်ရန်၊ ပူးတွဲခရီးသွားလုပ်ငန်းမြှင့်တင်ရန်နှင့် ဈေးကွက်ရှာဖွေရန်၊ ခရီးစဉ်ရေးဆွဲခြင်း အပါအ၀င်ခရီးသွားထုတ်ကုန်များ အမျိုးအစားစုံလင်ရေးနှင့် ဖွံ့ဖြိုးရေးတို့တွင်နည်းပညာအကြံဥာဏ်နှင့် အကူအညီ ပေးရန်၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေးတွင် တစ်ဖက်နှင့်တစ်ဖက် အကူအညီပေးရန်၊ ခရီးသွားလုပ်ငန်း သတင်းအချက်အလက် ဗဟိုဌာနများထူထောင်ရာတွင်အကူအညီပေးရန်၊ သက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဌာနများ နှင့် မိတ်ဖက်အဖွဲ့အစည်းများ အပါအ၀င်သင့်လျော်သည့် အထူးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင် ရွက်ရာ တွင် တွန်းအားပေးရန်၊ နားလည်မှုစာချွန်လွှာအား ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် နှစ်နိုင်ငံ ကိုယ်စားလှယ်များပါဝင်သည့် လုပ်ငန်းအဖွဲ့ တစ်ရပ်ထူထောင်ရန်နှင့် ၄င်းလုပ်ငန်းအဖွဲ့ အစည်းအဝေးများကို ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် အလှည့်ကျကျင်းပပြုလုပ်ရေးတို့ ဆောင်ရွက်ရန် စသည့်အချက်များဝင်ပါသည်။

Tourism MoU Signing Ceremony News Photo 1 6

          အဆိုပါ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်း အောင်မြင်စွာပြီးမြောက်သည့်အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက တက်ရောက်လာသောနှစ်နိုင်ငံမှ ကိုယ်စားလှယ်များအား Kempinski Hotel ၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိပါသည်။

နေပြည်တော်၊ ဇန်နဝါရီလ (၁၁)ရက်

MOHT Minister News 121-1-2017 3

တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ဒုတိယ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ဌာနမှတာဝန်ရှိသူများ၊ တနသာင်္ရီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များ တက်ရောက်ကြပါသည်။

MOHT Minister News 121-1-2017 1

       အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီးခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အခြေခံအဆောက်အအုံများ အမြန်ဆုံးပေါ်ပေါက်လာရေးဆိုင်ရာကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးမြင့်တင်မှုဆိုင်ရာကိစ္စရပ်များ၊ ဒေသခံများအတွက် အလုပ် အကိုင် အခွင့်အလမ်းများဖန်တီး၍ ခရီးသွားလုပ်ငန်းကိုအခြေခံသည့် ဒေသဝင်ငွေရရှိရေးဆိုင်ရာ ကိစ္စ ရပ်များ၊ လေကြောင်း၊ ရေကြောင်းအပါဝင် လမ်းပန်းဆက်သွယ်ရေးနှင့်လုံခြုံရေး ဆိုင်ရာကိစ္စရပ်များနှင့် ကျွန်းများပေါ်သို့ လုံခြုံစိတ်ချရသော ရေယာဉ်များပြေးဆွဲနိုင်ရေး စသည့်ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေခဲ့ကြပြီး နေ့လည်ပိုင်းတွင် အစည်းအဝေးကိုရုပ်သိမ်းခဲ့ပါသည်။

MOHT Minister News 121-1-2017 2

          အဆိုပါ တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ဇန်နဝါရီလ (၆) ရက်နေ့က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Main Menu

Home

About Myanmar

About Us

Latest News

Destination

Tourist Information

SERVICES

PUBLICATION

Videos

ASEAN TOURISM

Useful Myanmar Phrases

Auspicious to you all
Mingalar Bad


How are you?
nei kaun: ye. la:


Good morning
mingala nan ne khin: ba


Good evening
kaun: tho: nya. nei khin: ba


Good night/Good Bye
thwa: bi


Thank you
kyei: zu: tin ba de


Thank you very much
kyei: zu: amya: gyi: tin ba de


I cannot speak Myanmar
Myanmar lo matat' bu:


Do you understand?
khamya: na: le tha la:


May I take a photograph?
da' poun yai' lo. ya. mala:


May I use the telephone?
te li hpon: thoun: lo. ya. ma. la:


Where is the restroom?
ein tha be ma shi. tha le:


How much?
be lau' le:


What's that?
e: da ba le:


Very expensive
zei: mya: de


See you again
noun gya. thei: da paw.


Please to meet you.
twei. ya. da wan: tha ba de


Good luck
kan kaun: ba zei


Sorry
sel' mashi ba ne.


Excuse me
thi: khan ba


It's all right.
ya ba de


Yes (Male)
hou' ke khin bya.


Yes (Female)
hou' ke shin.


No
hin. in:


Really?
da ge la:


It's impossible.
ma hpyi' nain bu:


Possibly
hpyi' nain ba de


I beg your pardon (Male)
khin mya (?)


I beg your pardon (Male)
Shin (?)


Can I help you?
ku nyi ba ya. zei


Help!
kegya. ba oun:


Beautifull
hla. lai' ta


I want...
...gyin de


Directions

I want to go...
... go thwa: gyin ba de


Where is...?
...be na: ma le:


Turn left
be be cho:


Turn right
nya be cho:


Straight ahead
te, de. thwa: ba


Stop here
dima ya' ba


Slow down
hpyei: byei:


Be careful
tha di: hta: ba


Be careful, don't drive too fast
tha di: hta: ba: phyie: byei: maun:


Turn back
pyan hie:


Turn back
pyan hie:


How much do I owe you?
be lau' kya. tha le:


Keep the change
maan: ne. daw


Places

Airport
lei zei


Bus Station
ba saka: hma' tain


Railway Station
buda youn


Hotel
hou te


Embassy
than youn:


Hospital
hsei: youn


Clinic
hsei: gan:


Police Station
ye: sa khan:


Post Office
sa dai


Market
zei:


River Boat jetty
thin: baw: zei'


Guest house
e. yei' tha


Restaurant
sa: thau' hsain


Travel Related Links

Association of Southeast Asia NationsASEAN
Association of Southeast Asia Nations
www.aseansec.org


Association of Southeast Asia NationsASEAN
Association of Sou<<4R543W90-=98theast Asia Nations
www.aseansec.org

Pacific Asia Travel AssociationPacific Asia Travel Association
http://www.pata.org/

Myanmar Hotelier Association
Myanmar Hotelier Association

http://www.myanmarhotelier.org



  MTFMyanmar Tourism Federation
  http://www.myanmar.travel/

Search Our Site

Contact Us

Address Information

Building No. (33), Nay Pyi Taw, Union of Myanmar.
Union of Myanmar.

Information

Tel: 95 67 406129, 406130,
406460, 406244
www.myanmartourism.org

Contact Us

[email protected]
[email protected]
[email protected]

Connect With Us

 

mobile app

Please download here

Room Booking

Thanks for staying with us! Please fill out the form below and our staff will be in contact with your shortly. The see all of our room options please visit the link below.
See All Rooms